Sunday, March 4, 2012

            ဤခရီး

ဟိုးမှာ... အလင်းရောင်....................
.
ဒို့အတွက် . အလိုအပ်ဆုံး
အသက်ရှင် နေထိုင်တုန်းမှာ
အလိုအပ်ဆုံး အလင်းရောင်ပန်းပွင့်
အလင်းရောင်ဆီ ရောက်အောင်
သွားရ ခက်ခဲလှတယ် ...
ဒီု့ သွားကြမယ်................
စတေးခဲ့ရတဲ့ ဘဝများစွာ
အသက် .. .. ဝိညဉ် တွေအတွက်
ဒို့ ရောက်အောင် လျှောက်မယ်
မျှော်လင့်ချက် အပြည့်နဲ့
အားမာန် အပြည့်နဲ့ .. .. လျှောက်ရအောင်...
ယမ်းမီးခိုး အောက်မှာ
မွန်းကျပ် လှတယ်...........
ဖြူစင်တဲ့ ဒို့ရဲ့ စိတ်ထား
မီးခိုးမှိုင်းအောက်မှာ
အလင်းရောင်ကို မမြင်နိုင်အောင်
ဖုံးကွယ်ထားပေသိ
အမှန်တရားနဲ့ ဖောက်ထွက်
အလင်းရောင်တန်းမှာ
ပျော်မြူးနေတာ ကြည်နူးနေတာ..
တရားမျှတစွာနဲ့...................
လျှောက်နေဆဲလမ်း
တရားမျှတမူ အတွက်
ဒို့ရဲ့ ဝိညဉ် လေထဲလင့်မျော သွားခဲ့ရင်
ဒီု့ရဲ့ ဘဝ ပျော်ဆုံး သွားခဲ့ရင်
ဝမ်းမနည်းပါဘူးးး...........
ဇွဲ အပြည့်နဲ့ ဆက်လျှောက်လိုက်
ဘဝ များစွာအတွက်
အိပ်မက် များစွာ အတွက်
မျှော်လင့်ချက် များစွာ အတွက်
ငါတို့.........
ပန်းတိုင်ထိ.......
အလင်းရောင်အောက်မှာ
တရားသော တရားဥပဒေ
နူးညံ့တဲ့ နှလုံးသား
ကြည်နူးနေတဲ့ စိတ်
မဝေးသော အနာဂတ်နဲ့
ညည့်နက်ထဲက
မကောင်းဆိုးဝါး ခြိမ်းခြောက်သံ ထွက်လာခဲ့ရင်
လေချွန်ပြီး ဆက်လျှောက်လိုက်မယ်...........
ဒို့မြေပေါ်က လူသား......
ဖေ၊ မေ၊ ဘိုး၊ ဘွား၊
သား၊ မြေး၊ တီ၊ တွတ်၊
လွတ်မြောက်ဖို့ ကြိုးစားရင်း
ရဲဝံ့သော ခြေလှမ်းများ အတွက်
တစ်လမ်းထဲ သော ဒီခရီးထဲ
ပန်းတိုင် ထိ အတူ.........
မိုးသောက်ချိန် ရောက်လုပြီ
စုကြ.... ပေါင်းကြ.......
ယမ်းမီးခိုးတွေ ဖယ်ရှားလာမယ့်
အလင်းရောင်ကို စောင့်ကြိုပါစို့....
လွတ်လပ်ခြင်း အလင်းရောင်
တရား မျှတမူနဲ့ အတူ
ပျော်ရွှင်စွာနဲ့ ဖြတ်သန်းမယ့် အနာဂတ်
စတေးခဲ့ရတဲ့ ခန္ဓာများစွာ
သက်စွန့်သွားသော သူရဲကောင်းများ အတွက်
သွားယူကြရမယ့် အလင်းရောင်ပါ....
လာ... လာပါ.. သွားကြစို့ရဲ့...........
နှောင့်နှေးခြင်း အလျင်းမရှိ
ခရီးပြင်းကို နှင်ကြ...........
ဒို့မြေပေါ်က ဘိုး၊ဘွားတွေ
အလင်းရောင် အောက်မှာ
နေဖူးသည်ရှိအောင်ပေါ့....
ခရီးပြင်း နှင်ရအောင်....
လွတ်လပ်ရေး ဖခင်ရဲ့ ဆန္ဒကို
ဖြည့်ဆည်းကြစို့ရဲ့...
ဒို့တွေ တစ်စိတ်ဝမ်းတည်း.......
ချီတက်မယ် ခရီးဆုံးထိ ...
မျှော်လင့်ချက် မှာ လူသန်းပေါင်းများစွာ
စောင့်နေတာ ကြာလှချည့်...
ဒို့တွေ.......
ဒဏ်ရာ အလူးလူးနဲ့...
အရူံးမပေး ချီတက်ဆဲ..
ခရီးဆုံးထိ........
ပန်းတိုင် ပြိုမလဲပါဘူးးးးးးး......
လာ...... သွားမယ်... ဒို့အတူ.....
လူသန်းပေါင်းများစွာ အားပေးနေတာ
သင်သိပလား........
သူတို့ နှလုံးသားနဲ့...
ဝိညဉ်တွေရဲ့ လက်ခုပ်သံတွေ
မြင်ရမှာက ဖြူစင်တဲ့ နှလုံးသားတွေပါ
လွတ်မြောက်ချင် ကြပါပြီ....
အိပ်မက်ဆိုးတွေ မရှည်ကြာဖို့...ပေါ့..
အားလုံးးးးးးးး....
တာဝန်ရှိတယ် ဆိုရင် မှားမလား....နိုးးးးးးး....
ကဲ............ လာ........
ချီတက်ကြစို့ရဲ့...................

                 
                              ဇင်ယော်......

No comments: